ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်





ပဲခူး၊ စက်တင်ဘာ ၈

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပိုမိုတည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ်မြောက်ရေးသည် အလွန်အရေးကြီးပြီး နိုင်ငံတစ်ခုအတွက် အဓိကရေသောက်မြစ် တစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း KG+9 အဆင့် ပြီးမြောက်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ခွင့်မရသော ကျောင်းသား/သူ လူငယ်လေးများအား စာတတ်မြောက်စေရေး “ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း”များဖြင့် ပညာသင်ကြား ပေးလျက်ရှိသလို လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့” ဆိုသည့်အတိုင်း လူတိုင်းစာတတ်မြောက်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့ကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား/သူများက “မတတ်သူ တို့ဝိုင်းကူ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းပြင်ပသင်ကြားရေးဆရာ/ဆရာမများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)