ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများ ခင်းခြင်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများ ခင်းခြင်းပေး

 



ကျောက်ဆည် ၊ စက်တင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ  ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများ ခင်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) (၁၈၂.၀၀၀) ကျပ်သန်းဖြင့် လမ်း၏ကျဉ်းမြောင်းနေသည့် (၁၀.၄၇) ကီလိုမီတာနှင့် (၁၁.၂၇) ကီလိုမီတာကြားရှိ လမ်းအရှည် (၀.၈) ကီလိုမီတာအား မူလအကျယ် (၃.၆၆) မီတာမှ အကျယ် (၅.၅) မီတာသို့ လမ်းတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းသည့် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသည့် အတိုဆုံးလမ်းဖြစ်သောကြောင့် ပြည်သူများ အများဆုံးသုံးစွဲသည့် လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်သောကြောင့် လမ်းဘေးဝဲ/ယာမှ ကျေးရွာပြည်သူများနှင့် လမ်းအသုံးပြုပြည့်သူများအတွက် ကုန်ပစ္စည်းများနှင့် လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာသည့်အတွက် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)