ရမည်းသင်းမြို့နယ်တွင် ရေဘေးသင့် မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမည်းသင်းမြို့နယ်တွင် ရေဘေးသင့် မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်

IMG_20240920_094003

IMG_20240920_095721%20(1)



ရမည်းသင်း ၊  စက်တင်ဘာ ၂၀


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်ခြင်းကြောင့် ရေတိုက်စားပျက်စီးသည့်အိမ်ထောင်စုများနှင့် သေဆုံးသည့် မိသားစုများအား ရမည်းသင်းမြို့နယ်သာသနာနုဂ္ဂဟ ဝန်ဆောင်သံဃာတော်များအဖွဲ့နှင့် ရမည်းသင်းမြို့ တွဲလက်ညီ ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက သပြေပင်ကျေးရွာ အလယ်တန်းကျောင်း ရေဘေးကယ်ဆယ်စောင့်ရှောက်ရေးစခန်း၌ ပြန်လည်ထူထောင်ရေး အလှူငွေများအိမ်ထောင်စုအလိုက် လက်ရောက်ထောက်ပံ့ပေးအပ်ကြသည်။


အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲတွင့် မြို့နယ်သာသနာနုဂ္ဂဟ ဝန်ဆောင်သံဃာတော်များအဖွဲ့က ရေဘေးသင့်ပြည်သူများအား အန္တရာယ်ကင်း ပရိတ်တရားတော်များချီးမြှင့်ပြီးဆရာတော် ဓမ္မနာဒသာရ ဦးတိက္ခသာရက‌ သေဆုံးသူများ အတွက်အမျှပေးဝေပြီး ထောက်ပံ့ငွေများ အိမ်ထောင်စု အလိုက်လက်‌ရောက်ထောက်ပံ့ပေးအပ်သည်။


မြို့နယ်သာသနာနုဂ္ဂဟ ဝန်ဆောင်သံဃာတော်များအဖွဲ့ ကျပ်သိန်းတစ်ရာနှင့် ရမည်းသင်းမြို့ တွဲလက်ညီရေဘေးကူညီထောက်ပံ့ရေးအဖွဲ့မှ (၇)ရက်သားသမီးများထောက်ပံ့လှူဒါန်းထား သည့်အလှူငွေများမှ ပြန်လည်ထူ‌ထောင်နိုင်ရန် သပြေပင်ကျေးရွာရှိရေဘေးကြောင့် ပျက်စီးသွားသည့်အိမ်ထောင်စု(၁၉၉)စုအား တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းခွဲကိုလည်းကောင်း၊ ရေဝင်ရောက်သည့်အိမ်ထောင်စု(၁၄၄) အားတစ်အိမ်ထောင်လျှင် ကျပ်ငါးသောင်းကိုလည်းကောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသာစုများအားတစ်ဦးလျှင် ကျပ်တစ်သိန်းရှစ်သောင်းကိုလည်းကောင်း၊ အိမ့်မှူးသခင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ်ငါးသိန်းကိုလည်း‌ကောင်း တွဲလက်ညီအဖွဲ့မှ အသီးသီး‌လက်ရောက်ထောက်ပံ့ပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages