မုဒုံ၊ စက်တင်ဘာ ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ (၅၈) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆံတော်ရှင် ကျိုက်ဇယ်ဘုရားရှေ့၌ ပြုလုပ်သည်။
ဦးစွာ လွီမာန်ရတ်မွန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောမထံမှ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်နှင့် ဝန်ထမ်းများ၊ အမှတ် (၂၀၉) ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ နယ်မြေရဲစခန်းမှ ရဲအုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ငါးပါးသီလခံယူကြပြီး ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် တာဝန်ရှိသူများနှင့် မြို့နေဒေသခံပြည်သူများက သံဃာတော် (၆၀၂၄)ပါး၊ သီလရှင် (၁၄၀၁)ပါး စုစုပေါင်း (၇၄၂၅)ပါးတို့အား ငွေပဒေသာပင်၊ ဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများကို မိမိတို့၏ နေအိမ်ရှေ့များ၊ မဏ္ဍပ်များ၌ စည်ကားသိုက်မြိုက်စွာ လောင်းလှူကြကြောင်း သိရသည်။
အောင်မျိုးသူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment