အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





အလုံ  ၊ စက်တင်ဘာလ ၄


ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက်ရှိ ကျောင်းလမ်း၊ နှင်းဆီလမ်း၊ ရာမလမ်းများသို့ ကွင်းဆင်းပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးသန်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဌာန (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ၊ ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိ‌တ်‌ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


တင်တင်ချို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)