ရွှေတောင်မြို့၌ “သိန်းသန်းဌေး အသေးစားချေးငွေလုပ်ငန်း” သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌ “သိန်းသန်းဌေး အသေးစားချေးငွေလုပ်ငန်း” သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

 



ရွှေတောင်  ၊    စက်တင်ဘာ -၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် “သိန်းသန်းဌေး အသေးစားချေးငွေလုပ်ငန်း” သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက သာသနာ့ဗိမာန်၌ ကျင်းပသည်။

အခမ်းအနားတွင်  “သိန်းသန်းဌေး အသေးစားချေးငွေလုပ်ငန်း” သမဝါယမအသင်း ဥက္ကဌက အသင်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်လွင်က အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား၍ အသင်းအမှုဆောင် ကိုယ်စား အဖွဲ့ဝင် ဒေါ်မြတ်ဖြိုးဖြိုးက ငွေစုငွေချေး  သမဝါယမ အသင်း ရေရှည်တည်တံ့ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက  “သိန်းသန်းဌေး အသေးစားချေးငွေလုပ်ငန်း” သမဝါယမအသင်းမှ အသင်းသား (၈၆)ဦး၏  စုဆောင်းငွေ (၄၈.၄၂)သိန်းနှင့် စုဆောင်းငွေအပေါ်အတိုး (၃.၉)သိန်းတို့ကို အသင်း သားများအား စနစ်တကျခွဲဝေပေးခဲ့ကြောင်း နှင့် ၂၀၁၀-၂၀၁၁   ဘဏ္ဍရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသင်းသားများသို့ ထုတ်ချေးငွေစုစုပေါင်း (၈၉၈၆.၇၆)သိန်းဖြစ်ကြောင်း သိရသည်။

   

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)