မှော်ဘီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

 




မှော်ဘီ  ၊ စက်တင်ဘာ    ၁၃


      ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊

မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအ ထက်တန်းကျောင်း(ညောင်နှစ်ပင်)တွင်ကျောင်းသား၊ကျောင်းသူလူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေ ခံပညာဦးစီးဌာနတို့ပူးပေါင်းကာလူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီ အ ချိန်က အခြေခံပညာနင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်ကျောင်း (ညောင်နှစ်ပင်)သီရိဆောင်ခန်းမ၌ ကျင်း ပပြုလုပ်သည်။


     ရှေ့ဦးစွာကျောင်းအုပ်ဆရာကြီးဒေါက်တာစိုးလင်းထွန်းကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစန်းဝင်းကလူငယ်စကားဝိုင်း ကျင်းပ ရခြင်းရည်ရွယ်ချက်အားရှင်း လင်းပြောကြားသည်။


     ဆက်လက်၍လူငယ်စကားဝိုင်းကိုကျင်းပရာပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မှော်ဘီမြို့နယ်ရုံး မှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် အ.ထ.က (ညောင်နှစ်ပင်)မှ အထက်တန်းပြ ဆရာမဒေါ်သီတာအောင် တို့က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင် ရွက်၍ အ.ထ.က

(ညောင်နှစ်ပင်)မှကျောင်းသား၊ကျောင်း သူများဖြစ်သည့်  Grade 11 စက်မှု(BT) မှ မောင်အောင်ခန့်နိုင်က လူငယ်နှင့်နည်းပညာ၊ Grade 11 မှ မရတနာမိုး က လူ ငယ်နှင့်စာပေ ၊ Grade 10 မှ မောင်ရှင်းသန့်လွန်း ကလူငယ်နှင့်ကျန်းမာရေး၊ Grade10 စက်မှု(C)  မှ မခက်ခက်ခိုင်ကျော် က လူငယ်နှင့်မူးယစ်ဆေး၊ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီးဦး

စီးအရာရှိဦးစန်းဝင်းကဆွေးနွေးမှုများအပေါ်ခြုံငုံသုံးသပ်ဆွေးနွေးခဲ့သည်။

    လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသောကျောင်းသား/သူများကလည်းမိမိတို့သိရှိလိုသည် များကို  မေး မြန်းကြရာ ဦးဆောင်ဆွေးနွေးသူများ က ဖြေကြားခဲ့ပြီး အ.ထ.က(ညောင်နှစ်ပင်) မှ ကျောင်းအုပ်ဆရာကြီးကိုယ်စားဆရာမဒေါ်မြင့်မြင့်လှိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 


     ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံ ကပ်စာစောင်များကို ပြသရာ ကျောင်း သား/သူများကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)