ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်ရေး ကဏ္ဍအသီးသီးတွင် လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်ရေး ကဏ္ဍအသီးသီးတွင် လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိ





လွိုင်ကော်၊ စက်တင်ဘာ ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်ရေး ကဏ္ဍအသီးသီးတွင် လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်  လွိုင်ကော်မြို့ ၊ အောင်သီဟ ရပ်ကွက်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အောင်သပြေလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ သုခလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းတို့ကို သွားရောက်စစ်ဆေးပြီး သတ်မှတ်အရည်အသွေး  စံချိန်စံညွှန်းပြည့်မီရေး အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်၊ အရည်အသွေး ပြည့်မီသည့် ကုန်ကြမ်းပစ္စည်းများ အသုံးပြုရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး  ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား စစ်ဆေးကြည့်ရှု အားပေးခဲ့ပြီး ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန် သူနာပြုများနှင့် ရုံးဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန်အတွက် ဝန်ထမ်းအိမ်ရာများ ပြုပြင်နိုင်ရေး ရေ၊မီး ရရှိရေးနှင့် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ပေးရန်နှင့် သူနာပြုနှင့်သားဖွားအသင်းခွဲရုံးကို အမြန် ပြန်လည်ပြုပြင်ပြီး ဝန်ထမ်းများ  နေထိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးရန်၊ တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် လောဓမ္မပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းဝန်းအတွင်း တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ဆက်လက်ကြည့်ရှု အားပေးခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ အဖျက်အမှောင့် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဝင်မုခ်ဦးနှင့် ကျောင်းဆောင်မျက်နှာကြက်များ ပြန်လည်ပြုပြင် ပေးရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကျဉ်းဦးစီးဌာနသို့ သွားရောက်၍ လွိုင်ကော်အကျဉ်းထောင်တွင်  ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည် ပြုပြင်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှု၊ ရိက္ခာသိုလှောင်စုဆောင်းထားရှိမှုနှင့်လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် ပြည်နယ်အကူရဲတပ်ဖွဲ့ရုံးသို့ သွားရောက်၍ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ အဖျက်အမှောင့်လုပ်ရပ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြန်လည်ပြုပြင်ပြီး ရုံးများအမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေး ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသော ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများဆောင်ရွက်နေမှု တို့ကိုစစ်ဆေးခဲ့ကာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွန်းပြည့်မီရေး၊ အချိန်မီဆောင်ရွက် ပြီးစီးရေးတို့ကို မှာကြားခဲ့သည်။

၎င်းနောက် မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက်ကာ ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် ရုံးအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး  သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)