မိတ္ထီလာမြို့ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိတ္ထီလာမြို့ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ

054

055

056

မိတ္ထီလာ၊ စက်တင်ဘာ ၁ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါစေတီတော်မုခ်ဦးနှင့် ဆုပေးမဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနား မကျင်းပမီ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်နှင့် ကရဝက်တန်ဆောင်း မှန်ကျောင်းအတွင်း၌ ပင့်ဆောင်ကိုးကွယ်သည့် စင်္ကြာမုနိကြေးသွန်းရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းအား နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရေလည်ကျောင်းတိုက်ဦးစီးပဓနာယက ဆရာတော်ဘဒ္ဒန္တလာဘဝ အပါအဝင်ပင့်သံဃာတော် ၁ဝပါးတို့က ဆောင်ရွက်တော်မူကြသည်။ ထို့နောက်ပင့်သံဃာ ၁ဝ ပါးတို့အား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုနှင့်အလှူရှင်များက  ဆက်ကပ်လှူဒါန်းကြပြီး ရေစက်တရားတော်များနာယူကြသည်။

ဆက်လက်၍ (၁၄၁)ကြိမ်မြောက်သမိုင်းဝင် ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးဝင်းမင်းထွန်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ဇေယျ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဆုပေးမဏ္ဍပ်တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲအထူးပွဲများ ကိုကျင်းပခဲ့သည်။ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓ ပူဇနိယပွဲတော်အား စက်တင်ဘာလ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းမည်ဖြစ်ပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ပုံမှန်ပွဲစဉ်များကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် အကြီးတန်း အမျိုးသားအသင်း ၆ သင်း၊ အငယ်တန်းအမျိုးသားအသင်း ၂ဝ သင်း၊ အမျိုးသမီးအသင်း ၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင် လှေအသင်း ၃၁ သင်းပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။


ချမ်းသာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages