ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံအချို့ထိခိုက်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံအချို့ထိခိုက်ပျက်စီး


ညောင်ဦး  ၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ရှေးဟောင်းအဆောက်အအုံ ၉ လုံး အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း၊ ခြင်္သေ့ရုပ်မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျခြင်း၊ ဘုရား အမှတ်-၁၅၉၇ သဗ္ဗညုဘုရားမြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ မဟာရံတံတိုင်းမြောက်ဘက်  ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၈၂  (ငှက်ပစ်တောင်အစု)ရင်ပြင် အုတ်ခုံ ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရားပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျခြင်း၊ ဆင်ဖြူရှင်ရေကန်  မြောက်ဘက်ခြမ်းရေကန်ပဲ့ကျခြင်း၊ ဘုရားအမှတ် -၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်းအုတ်အနည်းငယ်ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များပဲ့ကျခြင်းနှင့်ဘုရားအမှတ် -၃၄၅ ဘုရား အနောက်တောင်ထောင့်နှင့်အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက အမြဲမပြတ်စောင့်ကြည့်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)