ကော့ကရိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



ကော့ကရိတ် ၊ စက်တင်ဘာ  ၆


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ယမန်‌နေ့နံနက်ပိုင်းက အထက်တန်းအဆင့် ကျောင်းသား‌၊ ကျောင်းသူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအသိပညာပေးဟောပြောပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်ဦးမှ ကျောင်းသား၊ ကျောင်းသူများအား ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ အသိပညာပေးဟောပြောရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးမှ ဟောပြောချက်များအား အလေးထားမှတ်သားထားကြရန် ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာဦးက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေပိုင်းဆိုင်ရာများ၊ အခြေခံအကြောင်းအရာများအား ပြောကြားသည်။


ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးစမျိုးဇော်လတ်မှ ဖွဲ့စည်းပုံဥပဒေပါ ဥပ‌ဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံသားများ၏ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဟောပြောခဲ့ကြောင်းသိရပြီး ယင်းဟောပြောပွဲအားဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)