ဟင်္သာတခရိုင်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်





ဟင်္သာတ၊ စက်တင်ဘာ  ၃

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားလူငယ်များနှင့် နိုင်ငံ့အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြှင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့ အကျင့်ကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင် ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲများကို ကျင်းပရာတွင် စာစီစာကုံး(အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်)ပြိုင်ပွဲများ၊ အလယ်တန်းဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ အထက်တန်းနှင့် အလယ် တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။ ကာယဥာဏ စွမ်းရည်ပြိုင်ပွဲများတွင် ခါးကွင်းလှည့်ပြိုင်ပွဲနှင့် ပင်ဘောင်သီး လက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးလျက်ရှိသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူ များ လေ့လာကြည့်ရှုနိုင်ရန် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည် ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြခန်း၊ မီးသတ် တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော်တွင် စာအုပ်အရောင်းဆိုင် ၃ ဆိုင်မှ ဈေးနှုန်းသင့်တင့်စွာဖြင့် ၂၀၂၄ ခုနှစ် သိမှတ်ဖွယ်ရာအဖြာဖြာနှင့် သုတရသစာအုပ်များကို ရောင်းချ ပေးခဲ့ရာ ကျောင်းသား၊ ကျေင်းသူများနှင့် စာပေချစ်မြတ်နှိုးသူများက လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဟင်္သာခန်းမအတွင်း ဖျော်ဖြေရေးအစီအစဉ်များအား ကျင်းပရာ အ.ထ.က(၄) ကျောင်းသား ကျောင်းသူများက "မြန်မာ့ကျောင်း"နှင့် “ထိန်းသိမ်းစို့လေ စာပေအမွေ”သီချင်းများဖြင့်လည်းကောင်း၊  အ.ထ.က(၃)မှ မြန်မာ့သိုင်းအဖွဲ့က “မြန်မာပြည်သား” သီချင်းဖြင့် သိုင်းသရုပ်ပြသခြင်း ဖြင့်လည်းကောင်း၊ ဟင်္သာတခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက “ မြန်မာပြည်မှာ စာပဒေသာ ဝေဆာစေ ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စာရေးဆရာ ပန်းမြိုင်လယ် စိန်ဝင်းက “ အနာဂတ်လူငယ်များ စာဖတ်ရှိန်မြှင့် များဖို့ ” ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့ပြီးနောက် အ.လ.က (၄)မှ ကျောင်းသား ကျောင်းသူများက “လောကအားမာန်” သီးချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)