မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၅၂၆၉၇ ပါးတို့အတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနား မန္တလေးမြို့တော်ခန်းမတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၅၂၆၉၇ ပါးတို့အတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနား မန္တလေးမြို့တော်ခန်းမတွင် ကျင်းပ

 







မန္တလေး၊ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ခုနှစ် မန္တလေးမြို့ပေါ် ၇ မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၅၂၆၉၇ ပါးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသောဆရာတော်၊ သံဃာတော် ၄၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ထံက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဝါတွင်းကာလ ဝါဆိုဝါကပ် သီတင်းသုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ ဆွမ်းဆန်တော် ပစ္စယာနုဂ္ဂဟအဖြစ် လှူဒါန်းရခြင်းအကြောင်း၊ ဆရာတော်များ ပရိယတ္တိ၊ ပဋိပတ္တိများကို စိတ်ချမ်းမြေ့စွာ အား ထုတ်သင်ကြားနိုင်ရန်၊ သာသနာတော်ကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရန် သာသနာ့ကိစ္စအဝဝကို  လစ်ဟင်းမှုမရှိအောင် ဆရာဒကာလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားမည့်အကြောင်း စသည်ဖြင့် သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

၎င်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုပြီး ဆရာတော် သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးက ဝါဆိုသင်္ကန်း နှင့် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီးနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသထံက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် နေ့ဆွမ်းများ ဆက်ကပ်ခဲ့သည်။

ယနေ့ပြုလုပ်သော လှူဒါန်းမှု၌ မန္တလေးမြို့ပေါ် ၇ မြို့နယ်ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရတို့တွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ (၄၆၇၀၁)ပါး၊ သီလရှင် ဆရာကြီး၊ ဆရာလေး (၅၉၉၆)ပါး စုစုပေါင်း (၅၂၆၉၇) ပါးတို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆွမ်းဆန်တော် (၆၅၈၇.၁) တင်း၊ ဆီ(၁၃၁၇၄.၂၅)ပိဿာ၊ ကြက်သွန်နီ(၁၃၁၇၄.၂၅) ပိဿာ၊ ကုလားပဲ (၁၃၁၇၄.၂၅)ပိဿာ စုစုပေါင်းတန်ဖိုးကျပ် (၈၈၈.၇၀သန်း) တို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)