မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုယ်တိုင်ဆန္ဒပြု ပါဝင်ခဲ့သည့် အုပ်ချုပ်ရေးမှူး (၉)ဦးကို ပြန်လည် အနားပေးခြင်းအတွက် တိုင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုယ်တိုင်ဆန္ဒပြု ပါဝင်ခဲ့သည့် အုပ်ချုပ်ရေးမှူး (၉)ဦးကို ပြန်လည် အနားပေးခြင်းအတွက် တိုင်ကြား


ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်မြို့ပေါ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်းနှင့် ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်လျက်ရှိပြီး အဂတိမကင်းသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မြန်မာနေရှင်ပို့စ်သို့ ဆက်သွယ်ပြောကြားလာကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် ပြန်လည်ဖြုတ်ပယ် အနားပေးခဲ့ခြင်းအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြတိုင်ကြားထားကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးက လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၉)ဦးက ရပ်ကွက်အကျိုး ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် ဆန္ဒပြု တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မကြာသေးမီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများကို ပြန်လည်အနားပေးပြီး NLD အမာခံ အုပ်ချုပ်ရေးမှူးများကို ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး အပြောင်းအလဲ ပြဿနာဖြစ်ပေါ်နေသော ရပ်ကွက်များမှာ မလွှကုန်း၊ ကူတို့ဆိပ်၊ စက်ဆန်း၊ သာယာကုန်း၊ သပြေကုန်း၊ ကန်/ရှေ့၊ ကန်/တောင်၊ စံပြဖဆပလ၊ ဥယာဉ်ရပ်ကွက်များတွင် ပြောင်းလဲခန့်အပ်ထားသူများကို တစ်လမကြာမီ ပြန်လည်ဖြုတ်ပယ်ခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတိုင်ကြားသည်ကို တွေ့ရသည်။

သြဂုတ်လ (၃၀)ရက်နေ့က ပဲခူးတိုင်းဒသေကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန် တကယ် တာဝန်ထမ်းဆောင်လိုသည့်သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေး မှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် မြေပြင်၌ အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် ကောင်းမွန်စွာဆက်ဆံ ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ဒေသ အတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)