အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ၏ မဟာဗျူဟာစီမံချက်များ ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ၏ မဟာဗျူဟာစီမံချက်များ ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၅

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ မဟာဗျူဟာစီမံချက်များရေးဆွဲ ရေးနှင့်စပ်လျဉ်းသည့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် ဒုတိယအကြိမ် ညှိနှိုင်းပြီးစီးခဲ့ခြင်းအပါအဝင် အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် အာဆီယံပေါင်းစည်းဆက်သွယ်မှုဆိုင်ရာ မဟာဗျူဟာစီမံချက်များ ရေးဆွဲနေမှု၏ ဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဟူသည့် အာဆီယံမဏ္ဍိုင် (၃) ရပ် နှင့် အာဆီယံပေါင်းစည်းဆက်သွယ်ရေးကဏ္ဍအောက်ရှိ သက်ဆိုင်ရာကဏ္ဍအလိုက်အဖွဲ့အစည်းများ (Sectoral bodies) များအနေဖြင့် သက်ဆိုင်ရာမဟာဗျူဟာစီမံချက်များရေးဆွဲရေးတွင် နီးကပ်စွာညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအမြစ်များ စုစည်းအသုံးချရေးအကြားကွာဟချက် မရှိစေရန်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသာမက သက်ဆိုင်ရာ အမျိုးသားအာဆီယံဌာနများ ခိုင်မာအားကောင်းရန်လည်း လိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားခဲ့ သည်။

ထို့နောက် အာဆီယံမဏ္ဍိုင် (၃) ရပ်ကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံချက်များ ညှိနှိုင်းရေးဆွဲနေမှု၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်၏ အဆိုပြုလုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏အတွေးအမြင်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)