ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်




စစ်တွေ     ၊  စက်တင်ဘာ ၁၆


ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လတ်တလောမြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊  လူနှင့်တိရစ္ဆာန်များအသက်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်အပတ်က တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ လူသေဆုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါမုန်တိုင်းအရှိန်၏သက်ရောက်မှုဖြင့် မြန်မာနိုင်ငံဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် မိုးရေချိန်လက်မများ စံချိန်တင်မြင့်တက်ခဲ့ပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခြင်း၊ မြစ်ချောင်းများ၊ ဆည်မြောင်း တာတမံများတွင် ရေပြည့်လျှံခြင်းတို့ကြောင့် ပြည်သူ အများ ရေးဘေးဒုက္ခခံစားခဲ့ကြရကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည်လည်း အချိန်မရွေး သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ပြောင်းလဲရောက်ရှိခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေနှင့်အတူ လှိုင်းကြီးနိုင်ခြင်း၊ စသည့်အန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်လည်း မိမိတို့ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခရိုင် အုပ်ချုပ် ရေးမှူးများအနေဖြင့်လည်း မိမိတို့ခရိုင်အတွင်း သဘာဝဘေးနှင့်ပတ်သက်၍ ရေကြီးရေလျှံမှုများ၊ လူနေအိမ် ရွှေ့ပြောင်းရမှုများ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်လိုကြောင်းနှင့် လတ်တလောဖြစ်ပွားလာနိုင်သည့် အခြေအနေပေါ်မူတည်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများကို ကော်မတီများအလိုက် ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည့်အခက်အခဲများရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်သတင်းများတင်ပြနေမှု၊ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြည်သူများအား အသိပညာပေးဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အလိုက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများစုဖွဲ့ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)