ပေါင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ)သင်တန်းဖွင့်လှစ်







ပေါင်၊ စက်တင်ဘာ  ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍  "အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း" တွင်ပါဝင်သည့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့်  စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀း၀၀)နာရီက နတ်ကြီးချောင်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌  ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌ ဦးရဲနိုင်က သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဒေါ်အိကလျာနိုင်က စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌ ဦးထင်လင်းအောင်မှ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများအားထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၀)ဦးကစက်တင်ဘာလ(၆)ရက်နေ့မှ စက်တင်ဘာလ (၁၂)ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ၎င်းသင်တန်းပြီး သည်နှင့် သီးနှံအခြေခံဖျော်ရည် မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းကို(၇)ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်သည်။ ၎င်း သင်တန်းပြီးဆုံးပါက သင်တန်းတွင်ထူးချွန်ပြီး လုပ်ငန်းထူထောင်မည့်သူ(၅)ဦး ရွေးချယ်၍ ဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)