ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား သွားရောက်ကြည့်ရှုအားပေး



နေပြည်တော်၊ စက်တင်ဘာလ ၄

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်စားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိ သူများက သွားရောက်ဂုဏ်ပြုကြိုဆိုကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)