ပြင်ဦးလွင်ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား (ပထမ) အကြိမ် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား (ပထမ) အကြိမ် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်

 




မဟာအောင်မြေ ၊ စက်တင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများအား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင်အတွင်း ဆုယှဉ်ပြိုင်သော အခြေခံပညာကျောင်း ၅ ကျောင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို (ပထမ) အကြိမ်အဖြစ် စက်တင်ဘာ (၅) ရက်နေ့က ကျောင်းတစ်ကျောင်းစီအလိုက် ပြိုင်ပွဲအတွက် ပြင်ဆင်ထားရှိမှုများအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း (၄) ကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး ပြင်ဆင်ထားရှိမှု အကောင်းဆုံးဆုရကျောင်းအား ၂၀၂၅ခုနှစ် ဇွန်လတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)