မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



မင်္ဂလာဒုံ ၊ စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

​ရှေးဦးစွာ မင်္ဂလာဒုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်က အဖွင့်အမှာစကားပြောကြားပြီး မင်္ဂလာဒုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန်းမှ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မိခင်နှင့်ကလေး​စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအဆင့်တွင် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းနည်းပြ (၃) ဦးမှ ခရိုင်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၃၆) ဦးအား စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)