ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေလျှံတက်ခဲ့မှုကြောင့် နေအိမ်နှင့်ခြံဝင်းများအတွင်း ရေဝင်ရောက်လျက်ရှိပြီး စာသင်ကျောင်းအချို့ ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေလျှံတက်ခဲ့မှုကြောင့် နေအိမ်နှင့်ခြံဝင်းများအတွင်း ရေဝင်ရောက်လျက်ရှိပြီး စာသင်ကျောင်းအချို့ ယာယီပိတ်ထား





ဇီးကုန်း ၊ စက်တင်ဘာ ၁၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေလျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကုန်းအုပ်စု၊ သင်ကန်အုပ်စု၊ ကန္တလီအုပ်စု၊ ကဇင်းကြီးအုပ်စုတို့နှင့် ဘော်ဘင်ချောင်းတစ်လျှောက်ရှိ သပြေစိန်အုပ်စု၊ ဘဲအင်းအုပ်စု၊ သရက်တပင်အုပ်စုတို့ရှိ နေအိမ်နှင့်ခြံဝန်းများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ(၈)လက်မခန့်ကျော်လျက်ရှိကြောင်း သိရသည်။ သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါရေဝင်ရောက်မှုကြောင့် ကန္တလီ‌ကျေးရွာ၊ စိန်ဘုံသာကျေးရွာ၊ ရှားဖြူကုန်းကျေးရွာ၊ သစ်မျှောကြီးကျေးရွာ(အ.မ.က)စာသင်ကျောင်းများနှင့် အ.ထ.က(မြို့မ)စာသင်ကျောင်းတို့အား ယာယီပိတ်ထားပါကြောင်းနှင့် ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)