ရွှေတောင်မြို့နယ်တွင် မွေးမြူရေးချေးငွေ ရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မွေးမြူရေးချေးငွေ ရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး





ရွှေတောင် ၊ စက်တင်ဘာ ၂

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ         (မြို့နယ်မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ( ပြည်ထောင်စု) မတည်ထောက်ပံ့ငွေမှ  မွေးမြူရေးချေးငွေ ရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

     အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ၊ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးဝက် ကောင်ရေ( ၁၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ကြို့ကုန်းကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာရှိ ဒေါ်မြင့်မြင့်ဝင်း၏ နို့စားနွားကောင်ရေ( ၂၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ ချော့ခေါ်ကျေးရွာရှိ ဦးကျော်ဇေယျ၏ ဆိတ်ကောင်ရေ( ၁၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာမလမ်းရှိ ဒေါ်ဇင်မာဝင်း၏နို့စားနွားကောင်ရေ( ၂၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းရှိ ဦးအောင်မျိုးမင်း၏ အသားတိုးကြက်ကောင်ရေ( ၆၀၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာမလမ်းရှိ ဒေါ်ဝင်းစပယ်၏ အသားတိုးကြက်ကောင်ရေ( ၃၀၀၀) မွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်း ကြည်ရှုစစ်ဆေးခဲ့ပြီး၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ( ပြည်ထောင်စု) မတည်ထောက်ပံ့ငွေမှ  ချေးငွေလျှောက်ထားသည့်  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/ မရှိ တို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)