ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်များ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်များ ချမှတ်


                           

နေပြည်တော်၊ စက်တင်ဘာ ၆

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော အကြမ်းဖက်သမားများကို ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး ကျူးလွန်ခဲ့သည့် ပြစ်မှုများအတိုင်း ပြစ်ဒဏ်များ ချမှတ်လျက်ရှိသည်။

ယမန်နေ့ ၅-၉-၂၀၂၄ ရက်တွင် ကန့်ဘလူခရိုင်တရားရုံးက ကန်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး  အကြမ်းဖက်သမားများအား ငွေကြေးနှင့် ရိက္ခာများထောက်ပံ့ခြင်း၊ ၎င်းတို့ အတွက် ဈေးဝယ်ပေးခြင်း၊ အကြမ်းဖက်အဖွဲ့က ပြုလုပ်သည့် အစည်းအဝးများအား တက်ရောက်ခြင်း၊ အကြမ်းဖက်သမားများအား သိလျက်နှင့် တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ အောင်ထွန်း၊ တရားခံ မနှင်းဌေးတို့အား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ (သီးခြားစီ)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ 

အလားတူ မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှုရှိခြင်း၊ အကြမ်းဖက်သမားများမှန်းသိလျက်နှင့် တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်မှု ကျူးလွန်ခဲ့သူ တရားခံ မဖြိုးအိကျော်အ ား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ 

မုံရွာမြို့နယ်၊ နတ်လူထိပ္ပာန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ခြင်း၊ အကြမ်းဖက်သတ်ဖြတ်မှုတွင်ပါဝင်ခြင်း၊ လုံခြုံရေးတပ်စခန်းများအား အကြိမ်ကြိမ်တိုက်ခိုက်ခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ ချိုဝင်းဟန်(ခ)ချိုကြီး၊ တရားခံ အောင်ဖြိုးထွန်း(ခ)ငဘု တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် (တပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး  အကြမ်းဖက်အဖွဲ့ထံ ငွေကြေးထောက်ပံ့ခြင်း၊ ကျေးရွာတွင် အကြမ်းဖက်သမားများ လှုပ်ရှားသွားလာသည်ကို သိလျက်နှင့် တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ အောင်မင်းဌေး၊ တရားခံ မယဉ်မာအေး တို့အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)