ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်ရေကျော်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်ရေကျော်မှုဖြစ်ပွား




ရွှေတောင်၊  စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊ ပြည်- ရန်ကုန်ကားလမ်းမကြီး မိုင်တိုင်အမှတ်၁၉၆/ ၁နှင့်၁၉၆/ ၂ အကြား ယမန်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုအရှိန်​ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ် ( ၁)ပေခွဲခန့်ရေကျော်မှုဖြစ်ပွားခဲ့သည်။

 မိုးသည်းထန်စွာရွာသွန်းမှုအရှိန်ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ် ရေကျော်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပရဟိတ နားရေးကူညီမှုအသင်းသားများနှင့်အတူ ပြည်သူများ အား သွားလာရေး အဆင်ပြေစေရေးအတွက် ကူညီရေးလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)