ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက်





ပုသိမ် ၊ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊  ဧရာရွှေဝါခန်းမ၌ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁)ကို အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၅၀)ဦးအားလည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂)ကို တိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်း(၄၃)ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်း(၁၅) ဦးတို့အားလည်းကောင်း တန်းများဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းအမှတ်စဉ် (၃)ကို တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း (၁၀၀)ဦးတို့အား ဥပဒေ အသိပညာပြန့်ပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ/ဆရာမများအား ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်သူများအား ဥပဒေအသိပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဌာနဆိုင်ရာများမှအရာထမ်း၊ အမှုထမ်းများအား ယခုကဲ့သို့ ဥပဒေ အသိပညာပေးသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် မိမိတို့တာဝန် ယူရသည့်ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိ မှန်ကန် ထိရောက်သည့်လုပ်ရပ်များနှင့် နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့ရပါသည်ဆိုသည့် အဖြစ်မျိုးမဖြစ်စေရေးအတွက် လူတိုင်းဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ ရရှိရန်လိုအပ်သည့်အတွက် ယခုလိုဥပဒေအသိပညာပေး သင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းတွင်ပို့ချပေးသည့် ဥပဒေဘာသာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့တာဝန်ယူရသည့် ကဏ္ဍအလိုက် စီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း လိုအပ်သော ဥပဒေအသိပညာများကို လက်ဆင့်ကမ်းမျှဝေခြင့်ဖြင့် ပြည်သူများ၏လူမှုဘဝမြှင့်တင်ရေး အကျိုးရှိစွာ ဆောင်ရွက်ကြရန်” အမှာစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဥပဒေရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၃/၂၀၂၄)ကို ယခုလ (၂) ရက်နေ့မှ (၆) ရက်နေ့ထိ စုစုပေါင်း(၅)ရက်၊ သင်တန်းချိန် (၂၀) ချိန်ဖြင့် သင်တန်းသားဦးရေ ၁၀၀ ဦးအား နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သော ဥပဒေဘာသာရပ်(၁၇)ခု၊ စီးပွားရေးစာချုပ်စာတမ်းအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ ဥပဒေအရာရှိ (၉) ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)