ရွှေဘိုမူလတန်းကြို​ကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေဘိုမူလတန်းကြို​ကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ


3

4


ရွှေဘို ၊ စက်တင်ဘာ ၂၇


လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊ ​လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ် မူလတန်းကြို​ကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအ​ဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက ​မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်​ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့​နောက် မိဘဆရာအသင်းနာယကကြီးနှင့် အမှု​ဆောင်များ၏​ ကျောင်းဖွံ့ဖြိုး​ရေး​ဆောင်ရွက်ချက်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊​ အတွင်း​ရေးမှူးက (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးသို့ တင်သွင်းသောအစီရင်ခံစာ ဖတ်ကြားခြင်း၊ ဘဏ္ဍာ​ရေးမှူးက (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိဘဆရာအသင်းရန်ပုံ​ငွေ ရ​ငွေ/သုံး​ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားခြင်း၊ မိဘဆရာအသင်းအမှု​ဆောင်​ဟောင်းများနှု တ်ထွက်ခြင်း၊ အမှု​ဆောင်သစ်များ ​ရွေးခြယ်ခြင်း အမည်စာရင်းဖတ်ကြားခြင်း၊​ ထောက်ခံခြင်းနှင့် ​ကျောင်းအုပ်ဆရာမကြီးက ​ကျေးဇူးတင်စကား ​ပြောကြားခဲ့သည်။

ထို့​နောက် အကြီးတန်း/အငယ်တန်းသားငယ်၊ သမီးငယ်လေးများက ဆုရကဗျာ၊ ပုံပြင်၊ သီချင်းများဖြင့် ကပြသီဆို​ဖျော်ဖြေခဲ့ပြီး ဆေး​ရောင်ခြယ်၊ ပုံ​ပြင်ပြော၊ ပန်းချီ၊ ကဗျာရွတ်၊ သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိကြသည့် သားငယ်၊ သမီးငယ်လေးများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်း၊​ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာမများ၊ မိဘဆရာအသင်းနာယက၊ အမှု​ဆောင်၊ အတွင်း​ရေးမှူးနှင့် အသင်းဝင်များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့​ကြောင်း သိရသည်။


အေးမြင့်စန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages