တောင်ငူတွင် တပ်မတော်က ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ‌ ရွှေ့ခိုင်းမည်ဟုဆိုကာ ရွာခံလူငယ်များကို ခေါ်ထုတ်ဖမ်းဆီးသွားကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

demo-image

တောင်ငူတွင် တပ်မတော်က ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ‌ ရွှေ့ခိုင်းမည်ဟုဆိုကာ ရွာခံလူငယ်များကို ခေါ်ထုတ်ဖမ်းဆီးသွားကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေ

004

နေပြည်တော်၊ စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်၊ မြို့ကြီးရွာတွင် တပ်မတော် က ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ သယ်ရမည်ဟုဆိုကာ ရွာထဲရှိ လူငယ်များကို ခေါ်ထုတ်ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတု သတင်း အမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျှက်ရှိကြောင်း တွေ့ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ၎င်းဒေသရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ အခြေအမြစ်မရှိသော သတင်းအမှားသာဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်သားများက ရှေ့ဆုံးက မားမားမတ်မတ်ရပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် လက်တွဲပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နေ့စဉ် အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက တပ်မတော်နှင့် ပြည်သူလက်တွဲညီစွာဖြင့် ပြည်သူ့အကျိုး၊ ဒေသအကျိုး ကြိုးပန်းဆောင်ရွက် နေမှုများအပေါ် မနာလိုမရှုစိမ့်သဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံဖန်တီးရေးသားထားသော သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages