ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဆွမ်းဆန်တော်နှင့် ဆီ/ကြက်သွန်များ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဆွမ်းဆန်တော်နှင့် ဆီ/ကြက်သွန်များ လှူဒါန်း





ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပရိယတ္တိစာသင်တိုက်များအား (ပထမအကြိမ်) ဆွမ်းဆန်တော်၊ ဆီနှင့် ကြက်သွန်လှူဒါန်းပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက စိတ္တပါလ ဂူကျောင်းစာသင်တိုက်ရှိ တင့်ဆွေရတနာ မြသက်ခြယ် ဆွမ်းစားဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။   

အခမ်းအနားကို မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်(၉)တိုက်နှင့် သီလရှင်စာသင်တိုက်(၂)တိုက်တို့မှ ပဓာနနာယကဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး၊ ရှေ့ဦးစွာ အခမ်းအနားကို၊ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြသည်။ ယင်းနောက် စိတ္တပါလဂူကျောင်း စာသင်တိုက်ကြီး၏ ပဓာနမဟာနာယက ဆရာတော်ဘဒ္ဒန္တလာဘထံမှ ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် ပရိတ်တရားတော်များအား နာယူကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆရာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့် ကြက်သွန်များကို ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် စိတ္တပါလဂူကျောင်း စာသင်တိုက်ကြီး၏ ပဓာနမဟာနာယက ဆရာတော် ဘဒ္ဒန္တလာဘထံမှ အနုမောဒနာတရားများ နာကြားကြကာ၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတန်း ပေးဝေကြပြီး၊  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ (ပထမအကြိမ်) စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့်ကြက်သွန်များ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၅၃)သိန်းကျော် ဖြစ်ကြောင်း သိရပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၈၉ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


နေအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)