၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သည့် အားအကောင်းဆုံး ဆောင်းဦးတိုင်ဖွန်းမုန်တိုင်းအဖြစ် ရာဂီမုန်တိုင်း မှတ်တမ်းဝင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သည့် အားအကောင်းဆုံး ဆောင်းဦးတိုင်ဖွန်းမုန်တိုင်းအဖြစ် ရာဂီမုန်တိုင်း မှတ်တမ်းဝင်

004

ပေကျင်း၊ စက်တင်ဘာ ၁၀

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အားအကောင်းဆုံး ဆောင်းဦးတိုင်ဖွန်းမုန်တိုင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသစီမံခန့်ခွဲရေးဌာနက စက်တင်ဘာ ၈ ရက်တွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ၁၁ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် ရာဂီသည် နာရီပေါင်း ၆၄ နာရီကြာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် တည်ရှိခဲ့ကာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ နေရာဒေသအများအပြား၌ သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု မိုးလေဝသစီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်၌ မုတ်သုံလေအားကောင်းနေခြင်း၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများဆီမှ ပြင်းထန်သော အစိုဓာတ်နှင့် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်လေထု အခြေအနေများ အပါအဝင် ကြုံတောင့်ကြုံခဲ အကြောင်းရင်းများ ပေါင်းဆုံမှုကြောင့် ရာဂီမုန်တိုင်းအား မကြုံဖူးလောက်သည်အထိ အားကောင်းစေခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင် ရာဂီမုန်တိုင်းမှာ အားလျော့သွားပြီဖြစ်သော်လည်း ယင်းမုန်တိုင်း၏ အကြွင်းအကျန်များ ပျံ့နှံ့နေမှုကြောင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ယူနန်ပြည်နယ်တို့၏ နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက သတိပေးထားကာ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် မြို့ပြဧရိယာများ၌ ရေမြုပ်ခြင်းတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မီးမောင်းထိုးပြခဲ့သည်။

စက်တင်ဘာ ၈ ရက်တွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားသည့် ရာဂီမုန်တိုင်းကြောင့် စက်တင်ဘာ ၆ ရက်က မြေပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကာ ဟိုင်နန်ပြည်နယ်နှင့် ကွမ်တုန်းပြည်နယ်တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုန်တိုင်း၏သက်ရောက်မှု လျော့ကျလာသည့်အတွက် ဟိုင်နန်ပြည်နယ်၏ ခရီးသွားမြို့ဖြစ်သည့် ဆန်းရမြို့ရှိ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစားပွဲများကျင်းပရာ နေရာအားလုံးကို အများပြည်သူအတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages