ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲများဆောင်ရွက်

8


ရွှေတောင်  ၊ စက်တင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌   ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.ကခွဲ (သရက်တော )ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကဆောင်ရွက်ခဲ့ကြသည်။

    ရှေးဦးစွာ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကမ္ဘာဆရာများနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍  စကားပုံဆက်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ 

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က စကားပုံဆက်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြိုခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊  ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages