ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံထားသည့်အခြေအနေရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံထားသည့်အခြေအနေရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံထားသည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်နှင့် ပါမောက္ခဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကကော်မရှင်အနေဖြင့် CVLMS စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်းများကျွမ်းကျင်စွာအသုံးပြုနိုင်ရန် CVLMS စနစ် အသုံးပြုနည်း သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ CVLMS စနစ်နှင့်ပတ်သက်၍ အတွေ့အကြုံများ၊ အကြံဉာဏ်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲများမှ ရရှိသည့် အကြံပြုချက်များအရ CVLMS စနစ်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် Admin and DEO Software နှင့် CVLMS စနစ်ကို မဲစာရင်းများပြုစု ရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ပြီး ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာနယ်မြေများကို ပြောင်းလဲပြင်ဆင် ထပ်တိုးပယ်ဖျက်ခြင်းများရှိပါက အချက်အလက်များ ထိခိုက်မှုမရှိဘဲ ပြင်ဆင်နိုင်ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများလွယ်ကူစွာသတ်မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ သေဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများမထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူတစ်ဦးက ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်အဆင့် မြှင့်တင်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းတင်ပြပြီး စနစ်ရေးဆွဲခဲ့သည့် နည်းပညာအဖွဲ့ အဖွဲ့ခေါင်းဆောင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က အဆင့်မြှင့်တင်ထားသည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်း၍ စနစ်တည်ဆောက်ထားမှု၊ လုံခြုံရေးစနစ်တည်ဆောက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ စိစစ်ခြင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့်က သတ်မှတ်တာဝန်များဆောင်ရွက်နိုင်မှု၊ မဲရုံအလိုက် မဲစာရင်းများရရှိအောင် ဆောင်ရွက်မှု၊ စနစ်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲစနစ် FPTP နှင့် PR နှစ်မျိုးလုံးအတွက် ဆောင်ရွက်နိုင်မှုတို့ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှနည်းပညာအဖွဲ့ကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)