မော်စကိုမြို့တွင် ကျင်းပသည့် International Municipal BRICS Forum 2024 ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်စကိုမြို့တွင် ကျင်းပသည့် International Municipal BRICS Forum 2024 ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ တက်ရောက်











နေပြည်တော်၊ စက်တင်ဘာ ၂

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ၂၀၂၄ ဩဂုတ်(၂၆) မှ (၂၈)နေ့ထိ မော်စကိုမြို့တွင် ကျင်းပသည့် International Municipal BRICS Forum 2024 ကို တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က "BRICS ခေါင်းစဉ်အောက်က အစည်းအဝေးများစွာထဲက တစ်ခုဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံးနဲ့ State Duma လွှတ်တော်အပါအဝင် အဖွဲစုံက ကမကထ လုပ်ပြီး (၁၂၆) နိုင်ငံက လူ (၅၀၀၀) ကျော် တက်ရောက်ပါတယ်။ Online က ဆွေးနွေးသူက (၅) သောင်းကျော်တဲ့အပြင် ရုရှားနိုင်ငံ ဒေသ (၈၉) ခု ကကိုယ်စားလှယ်များလည်း သီးခြားတက်ရောက်ကြလို ကြီးမားတဲ့ အစည်းအဝေးတစ်ခုလိုဆိုရမှာပါ။ ပထမနေ့ စုံညီအစည်းအဝေးမှာ ဥပဒေပြုကဏ္ဍရဲ့ အရေးပါမှုနဲ့ မြိုကြီးများဖွံဖြိုးတိုးတက်မှုကို နိုင်ငံရေးရှုထောင့်ကနေ ချဉ်းကပ်လေ့လာခြင်း စာတမ်းကို  ဆွေးနွေးဖိုhပါ။ လေကြောင်းလိုင်း နှောင့်နှေးမှုကြောင့် အချိန်မမှီဘဲမဆွေးနွေးခဲ့ရပါ။ နောက်နေ့မှာ မြန်မာနိုင်ငံအတွက် Russia - Myanmar Partnership of Opportunities  ခေါင်းစဉ်နဲ့ သီးခြားအစားထိုးအစီအစဉ်ပြုလုပ်ပေးပါတယ်။ ကျေးဇူးတင်ရမှာပါ။ မိမိက Main Speaker အဖြစ် ဆောင်ရွက်ရလိုနိုင်ငံတော်ရဲ့ပကတိအခြေအနေမှန်တွေကို ရှင်းပြခွင့်ရခဲ့ပါတယ်။ အထူးပဲစိတ်ဝင်စားကြပါတယ်။ ပညာရှင်(၄)ဦး၊ မြန်မာစကား ပြောတတ်တဲ့ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးဟောင်း၊ မြန်မာရိုးရာဝတ်စုံနဲ့ ရုရှားအမျိုးသမီးများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ ကဏ္ဍအသီးသီးက ပညာရှင်များ၊ ကုမ္ပဏီကြီးများတက်ရောက်ကြပါတယ်။ ကြည်နှုးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုလိုဆိုရမှာပါ။ " ဟု ပြောဆိုသည်။

ခရီးစဉ်အတွင်း Shanghai Cooperation က ပွဲကို ဧည့်သည်အဖြစ်တက်ရောက်ခဲ့ရကြောင်း၊ နောက်တစ်ရက်မှာ State Duma လွှတ်တော်မှာ တာဝန်ရှိအမတ်များနဲ့ အချိန် အတော်ကြာဆွေးနွေးခဲ့ကြောင်း၊ TASS သတင်းဌာနက  တာဝန်ခံနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး Interview တစ်ခုလည်းပြုလုပ်ခဲ့ကြောင်း ရှင်းလင်း ပြောဆိုထားသည်။

ဦးခင်ရီ က "အချုပ်ပြောရရင် မြန်မာနိုင်ငံကို အလေးထားတဲ့ နိုင်ငံပြင်ပကလူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သိစေလိုတဲ့၊ သတင်းစကားမှန်များ ပါးခွင့်ရခဲ့လိုကျေနပ်ဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခုလိုဆိုရမှာ ဖြစ်ကြောင်း" ရှင်းလင်း ပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)