နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် International Transport Summit(2024) နှင့် International Municipal BRICS Forum(2024) တို့သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် International Transport Summit(2024) နှင့် International Municipal BRICS Forum(2024) တို့သို့ တက်ရောက်



နေပြည်တော်၊ စက်တင်ဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၁ ရက်မှ ၂၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် International Transport Summit (2024) နှင့် International Municipal BRICS Forum(2024) တို့သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက Situation Center of Moscow ၌ ကျင်းပပြုလုပ်သည့် International Transport Sum-mit (2024) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ မြို့ပြသယ်ယူပို့ဆောင်ရေးအချက်အလက်စီမံကိန်း (Urban Transport Data Project) ပူးတွဲကြေညာစာတမ်း၌ လက်မှတ်ရေးထိုးခဲ့ပြီး မော်စကိုမြို့၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ “Moscow Transport Complex” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ ညနေပိုင်းတွင် မော်စကိုမြို့ရှိ Sokolniki လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ (SVARZ) သို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၃ ရက်နံနက်ပိုင်းက Situation Center of Moscow ၌ ကျင်းပပြုလုပ်သည့် International Roundtable ဆွေးနွေးပွဲ များသို့ တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက International Roundtable Session 2.1 ၌ “Transport, Ecology and Health in Nay Pyi Taw” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက International Roundtable Session 1.2 ၌ “Safety and Traffic Management” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် Central Exhibition Hall ၌ ကျင်းပပြုလုပ်သည့် Menege ပြပွဲသို့ သွားရောက်လေ့လာခဲ့သည်။

ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Summit တက်ရောက်လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များအား မော်စကိုအစိုးရအဖွဲ့က ကြိုဆိုလက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်နှင့် Moscow Planetarium သို့လည်းကောင်း၊ မော်စကို သယ်ယူပို့ဆောင်ရေး Electric Vessel ဖြင့် မော်စကိုမြစ်တွင်းနှင့် မော်စကို မြို့ရှိ Triumphal Gate သို့လည်းကောင်း၊ Panorama 360 Tower နှင့် Ostankino Tower သို့ လည်းကောင်း သွားရောက်လေ့လာခဲ့သည်။

ထို့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့သည် International Municipal BRICS Forum ဖွင့်ပွဲ အခမ်းအနားနှင့် Plenary Session များသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Trends in the Development of Tourism Infrastructure in Nay Pyi Taw ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကာ ဩဂုတ် ၂၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဩဂုတ် ၃၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)