မြန်မာစာရေးဆရာအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာစာရေးဆရာအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

 


 ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်သော မြန်မာစာရေးဆရာအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုသံရုံး၏ ဖိတ်ကြားချက်အရ စာပေဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ နှစ်နိုင်ငံ၏ စာကောင်းပေမွန်များ အပြန်အလှန်ဘာသာပြန်ထုတ်ဝေနိုင်ရေးကိစ္စရပ်များ ဆွေးနွေးရန်နှင့် လေ့လာရေးခရီးသွားရောက်ရန်အတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါစာရေးဆရာအဖွဲ့တွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆု၊ တပ်မတော်နေ့အထိမ်းအမှတ်ပြိုင်ပွဲစာပေဆု၊ မဲခေါင်စာပေဆုရ စာရေးဆရာ ဆရာမများ၊ ဘာသာပြန်စာရေးဆရာများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌများ အစရှိသည့် အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည်။

ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ဦးဆောင်သည့် စာရေးဆရာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)