နေပြည်တော်၊ စက်တင်ဘာ ၁၀
နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော MNDAA, TNLA, AA အဖွဲ့များက ယနေ့ (၁၀-၉-၂၀၂၄) ရက်စွဲဖြင့် မဟုတ်မမှန် ဖန်တီးရေးသား၍ ကြေညာချက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အကြမ်းဖက်အဖွဲ့များ က "တပ်မတော်က လေကြောင်းမှ နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု ဟု နိုင်ငံတကာမှ တပ်မတော်အပေါ် အထင်အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီးရေးသား၍ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယခု ရက်ပိုင်းအတွင်း တပ်မတော်က MNDAA, TNLA, AA အကြမ်းဖက်သမားများ ခိုအောင်းရာ နေရာများကို ရှင်းလင်းဆောင်ရွက်ရာတွင် အကြမ်းဖက်သမားခိုအောင်းနေသည့် စစ်ရေးပစ်မှတ် နေရာများကို တိကျစွာ ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်များတွင် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးရသည့် ပုံစံမျိုး လုပ်ကြံသတင်းများ ထုတ်ပြန်ခဲ့ကြသည်။
MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့က ၎င်းတို့၏ လုပ်ကြံဖန်တီးရေးသားထားသော ထုတ်ပြန်ချက်ကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေထားသည်ကို တွေ့ရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment