MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များရဲ့ ခေါင်းဆောင်များကို ဘယ်တော့ ဖမ်းဝရမ်းထုတ်မလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များရဲ့ ခေါင်းဆောင်များကို ဘယ်တော့ ဖမ်းဝရမ်းထုတ်မလဲ



နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို အပြုသဘောဆန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာဖို့ စွဲခေါ်တယ်။ ရောက်မလာဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို လျှော့ချသွားမလား စောင့်ကြည့်တယ်။ ဖြစ်မလာဘူး။ ပိုမိုဆိုးသွမ်းလာတယ်။ 

AA အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကိုတောင် ဖြေလျှော့ပေးခဲ့ပါသေးတယ်။ သို့သော် အကြမ်းဖက်သမား၊ ပြည်ဖျက်မိစ္ဆာတွေဟာ ပြည်သူ့မျက်နှာကို မကြည့်ဘူး။ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ တစ်ပို့တည်းသမားတွေဖြစ်နေတယ်။

ဒီထက်ဆိုးတဲ့ အခြေအနေတစ်ခုက နိုင်ငံတော်အစိုးရအနေနဲ့ တစ်ပို့တည်းသမား ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားကို လူကြီးလူကောင်းတွေ ပြောတဲ့စကားလို့ မှတ်ယူပြီး ယုံစားခဲ့တာမျိုးတွေလည်း ရှိနေတယ်။ သို့သော် ပြည်ဖျက်မိစ္ဆာတွေမှာ ကိုယ့်စကားကိုယ် တန်ဖိုးမထားဘူး။ လူမျိုးရေးပဋိပက္ခ ဖန်တီးရုံမျှနဲ့ အားမရနိုင်ဘူး။ ဘာသာရေးစော်ကားမှုတွေလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေကြတယ်။

၁၀-၁၁-၂၀၂၄ ရက်နေ့က ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ MNDAA အကြမ်းဖက်အဖွဲ့က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး တုတ်နဲ့ ရိုက်သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်တာ၊ လက်သဲခွံနွှာတာ အစရှိတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ ရုပ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

MNDAA, TNLA, AA သုံးဖွဲ့လုံးကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး နောက်ပိုင်းမှာ လေကြောင်းကနေ ရှင်းလင်းဆောင်ရွက်မှုတွေ တိကျစွာ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ အကြမ်းအဖွဲ့များက သူတို့ကပဲ ပြည်သူကို ကာကွယ်ပေးနေသယောင်၊ တပ်မတော်ရဲ့ ပစ်ခတ်ရှင်းလင်းမှုများက ပြည်သူများကို ပစ်ခတ်နေသယောင် ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲ အနေနဲ့ အစိုးရတာဝန်ရှိသူများကို မေးခွန်းထုတ်လိုတာက အပြစ်မဲ့ အရပ်သားပြည်သူ ထောင်ပေါင်းများစွာကို အတိဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များ ရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးရမိရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေကို သိလိုပါတယ်။ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များ ရဲ့ ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ရှိပါသလား။

အဲဒီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာပဲ ရှိနေလား၊ ပြည်ပကို ထွက်ပြေးနေကြသလား။

ပြည်ပနိုင်ငံများမှာ ရောက်ရှိနေတယ်ဆိုရင်လည်း သက်ဆိုင်ရာ နိုင်ငံများနဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးဖို့ အစီအစဉ် ရှိပါသလား ဖြေကြားပေးစေလိုပါတယ်။

အနောက်အုပ်စုရဲ့ သြဇာခံ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေလိုပဲ ပြည်ပနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်နေကြပြီဆိုရင် ဖမ်းဆီးရမိရေး ချိတ်ဆက်ဆောင်ရွက်နိုင်သေးရင် ဖမ်းဆီးရမိရေး ကြိုးပမ်းပေးကြဖို့၊ အကြမ်းဖက်လှုပ်ရှားမှုကို ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကို ရောက်ရှိသွားကြပြီဆိုရင်လည်း အမျိုးယုတ် ပြည်ဖျက်မိစ္ဆာတွေကို နိုင်ငံသားစာရင်းကနေ အတိအလင်း ပယ်ဖျက်ဖို့ တောင်းဆိုချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)