ပြင်ဦးလွင်မြို့နယ်အတွင်း မျောက်ကျောက် (Monkey Pox) ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း မျောက်ကျောက် (Monkey Pox) ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ



ပြင်ဦးလွင်၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းမျောက်ကျောက် (Monkey Pox) ရောဂါနှင့်ပတ်သက်၍ (၂-၉-၂၀၂၄) ရက်နေ့၌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ (၃၉၉) ဦးအားလည်းကောင်း၊ (၅-၉-၂၀၂၄)ရက်နေ့တွင် ဇီးပင်ကြီးရဲသင်တန်းကျောင်းရှိကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ (၈၈၃) ဦးတို့အားလည်းကောင်း တာဝန်ရှိသူများမှ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျောက်ကျောက် (Monkey Pox) ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါသံသယဖြစ်ဖွယ်လက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ လက်ရှိမျောက်ကျောက်ရောဂါဖြစ်ပွားနေသည့် နိုင်ငံများအကြောင်း၊ သံသယဖြစ်ဖွယ်မျောက်ကျောက်ရောဂါနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မှတ်တမ်းဓာတ်ပုံများနှင့်တကွအသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများက မျောက်ကျောက်ရောဂါ (Monkey Pox) နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည် ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)