မှော်ဘီမြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မှော်ဘီမြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV) ဖွင့်ပွဲအခမ်းအနားကျင်းပ



မှော်ဘီ   ၊စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မှော်ဘီမြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine-OCV) ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်၉နာရီခွဲအ ချိန်ကမှော်ဘီမြို့မစျေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာအခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းစိုးက အဖွင့်အမှာစကား ပြောကြားခြင်း၊မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာစောမြထွန်းမှ (Oral Cholera Vaccine-OCV) တိုက်ကျွေးခြင်း အကြောင်းအရင်းအချက်အလက်များရှင်းလင်း ပြောကြားခြင်း၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်ကပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဉ်တွင် အကျုံးဝင်မည့်သူများအား ပြောကြားခြင်း၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများအားရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ်စီပင်သာယာရေးအဖွဲ့၊အမှုဆောင်အရာရှိ ဦးခင်ဦးက ကာကွယ်ဆေး(OVC) တိုက်ကျွေးမှုခံယူပြီးဖြစ်ပေါ်နိုင်သောဘေးထွက်ဆိုးကျိုး အကြောင်းအရာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကာကွယ်ဆေး(OVC) ကို  ယနေ့နံနက် ၁၀နာရီခွဲတွင်မှော်ဘီမြို့မစျေးရှိစျေးသူ၊စျေးသား များအား စတင်တိုက်ကျွေးပြီး မှော်ဘီမြို့နယ် အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင်လည်း စက်တင်ဘာလ၊တတိယပတ်နှင့်စတုတ္ထပတ်အတွင်းဆက်လက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းနားသို့မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မှော်ဘီမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာ စောမြထွန်း၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ 

မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ရဲတပ်ဖွဲဝင်များ၊အမျိုးသမီးရေးရာအဖွဲ့များ၊ကြက်ခြေနီအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းသိရသည်။


ကောင်းမြတ်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages