ပခုက္ကူတံတားအနီးရှိ လက်ထုပ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF အကြမ်းဖက်သမားများက သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတံတားအနီးရှိ လက်ထုပ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF အကြမ်းဖက်သမားများက သတ်ဖြတ်


ညောင်ဦး ၊ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး- မြင်းခြံလမ်း၊ ပခုက္ကူတံတားအနီးရှိ လက်ထုပ်ကျေးရွာမှ ကျေးရွာသား နှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF အကြမ်းဖက်သမားများက သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၂)ရက် နံနက် (၃)နာရီခွဲခန့်က ညောင်ဦးမြိုနယ် လက်ထုပ်ကျေးရွာအတွင်းသို့ သေနတ်အတို/အရှည်နှင့် ဓားများ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမား အင်အား (၁၀)ဦးခန့် ဝင်ရောက်လာကာ ကျေးရွာသား နှစ်ဦးဖြစ်သည့် ဦးကိုချစ် (၄၂)နှစ်နှင့် ဦးတင်ထွန်းအောင်ဝေ (ခ) ဆုကြီးဝေ (၄၅)နှစ်တိုအား  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးချစ်ကိုသည် ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာ (၂)ချက် ရရှိခဲ့ကာ သေဆုံးသွားပြီး ဦးတင်ထွန်းအောင်ဝေ(ခ)ဆုကြီးဝေသည်လည်း ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ယာဘက်မျက်လုံး ဖောက်ဝင်ဒဏ်ရာ (၁)ချက်ဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် လဲကျသေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီလ (၂၆)ရက်ကလည်း လက်ထုပ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကို PDF အကြမ်းဖက်သမားများက  သေနတ်ဖြင့် ပစ်ခတ်ပြီး ထင်းခွဲသည့် ပုဆိန်ဖြင့် ဦးခေါင်းကို ခုတ်ကာ သတ်ဖြတ်ခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)