တောင်သာမြို့နယ် ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်၊ အသက် (၇၀)အရွယ် အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ် ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်၊ အသက် (၇၀)အရွယ် အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိ




နေပြည်တော်၊ စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက ယနေ့ စက်တင်ဘာလ (၅)ရက် နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ် အဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့မှ (၃)နေရာခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပုဒါတ်စာကုန်းကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွါပြီး ထနောင်းကုန်း ပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းခုခံကာကွယ်ခဲ့ရသည်။

PDF အကြမ်းဖက်သမားများသည် ပုဒါတ်စာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ် (၆)လုံးကို မီးရှို့ခဲ့ပြီး ဆိုင်ကယ် (၇)စီး ကိုယူဆောင်သွားကာ ပုဒါတ်စာကုန်းကျေးရွာ၏ မြောက်ဘက် (၄)မိုင်ခန့်အကွာရှိ နတ်စောင့်ကျေးရွာဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

တိုက်ပွဲတွင် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ပုဒါတ်စာကုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၇၀)အရွယ်ရှိ ဦးဝင်းရှိန်၏ ဝဲဘက်နောက်ကျောမှ ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ပုဒါတ်စာကုန်း လူမှုကူညီရေးအသင်းကားဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)