မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးအသင့်တော်ဆုံး ထုတ်လုပ်မှု ပမာဏ ဆီရောက်ရှိရေး (RTOP) စမ်းသပ်ကွက် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးအသင့်တော်ဆုံး ထုတ်လုပ်မှု ပမာဏ ဆီရောက်ရှိရေး (RTOP) စမ်းသပ်ကွက် အခမ်းအနား တက်ရောက်



မော်လမြိုင်၊ စက်တင်ဘာ ၄

မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးအသင့်တော်ဆုံးထုတ်လုပ်မှု ပမာဏ ဆီရောက်ရှိရေး (RTOP) စမ်းသပ်ကွက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ စံပြစိုက်ခင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက မိုးစပါးရာသီ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဒုတိယသီးနှံများ စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မြေအသုံးချရေးတာဝန်ခံက မိုးစပါးအသင့်တော်ဆုံးထုတ်လုပ်မှု ပမာဏ ဆီရောက်ရှိရေး (Reaching Toward Optimum Productivity -RTOP) စမ်းသပ်ကွက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ဒေသအတွင်း စာနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် ဆန်စပါးစိုက်ပျိုးခြင်းအပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များနှင့် မြေဩဇာများရရှိနိုင်ရေးတို့ကို ဦးစားပေးကဏ္ဍအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ဆောင်ရွက်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှု ရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်သလို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များပိုမိုထုတ်လုပ်၍ ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီထုတ်လုပ်ပြီး ထုတ်ကုန်အရည်အသွေးမြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမိုရရှိလာစေမှာဖြစ်ကြောင်း၊ တောင်သူများအတွက် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များဖော်ဆောင်၍ စိုက်ပျိုးသည့်နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဖက်ဖက်မှထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအား မျိုးမှန်၊ မြေမှန်၊ ရေမှန်၊ စိုက်နည်းမှန် နည်းစနစ်ကောင်းများနှင့် လယ်ယာသုံးစက်ကရိယာများ ကူညီဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေ့ဖြင့်လည်း လျာထားသီးနှံများ၏ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးကြရန်၊ စပါး၊ ဆီထွက်သီးနှင့် အခြားနှစ်ရှည်သီးနှံများအား ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသောတောင်သူများက ကုန်ထုတ်လမ်းနှင့် ဆက်သွယ်သည့် ချောင်းကူးတံတား တည်ဆောက်ပေးရေး၊ ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်အစား ရေထိန်းတံခါး တပ်ဆင်ဆောက်လုပ်ပေးရေး စသည့်လိုအပ်ချက်များအား တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်​ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း တောင်သူများမှ ပေါင်းမြတ်များရှင်းလင်းနေမှုကိုလည်းကောင်း၊ မိုးစပါးအသင့်တော်ဆုံးထုတ်လုပ်မှုပမာဏ ဆီရောက်ရှိရေး (Reaching Toward Optimum Productivity -RTOP) စမ်းသပ်ကွက်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)