(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခုထပ်မံဆွတ်ခူးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခုထပ်မံဆွတ်ခူးရရှိ


နေပြည်တော်၊ စက်တင်ဘာ ၈

ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ ဗီယက်နမ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကိုရီးယားအသင်းတို့က ပူးတွဲတတိယကြေးတံဆိပ်ရရှိခဲ့သည်။

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ်သူ ခြောက်ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများအဖြစ် (Team, Quadrant, Mixregu, Mixquadrant)နှင့် အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant, Hoop) စသည့် ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၇ ရက် ညနေပိုင်းပွဲစဉ်များအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ်လေးခု ဆွတ်ခူးရရှိထားပြီးဖြစ်သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများအပြင် အခြားနိုင်ငံများလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)