ဟူနန်ပြည်နယ်၊ ကျူးကျိုမြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟူနန်ပြည်နယ်၊ ကျူးကျိုမြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်




နန်နင်း၊ အောက်တိုဘာ ၃၀

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဟူနန်ပြည်နယ်၊ ကျူးကျို မြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS (Beidou Navigation Satellite System) Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ပါဝင်တက်ရောက်ခဲ့သည်။

 ကောင်စစ်ဝန်ချုပ်သည် ၂၄-၁၀-၂၀၂၄ ရက် နံနက်တွင် Zuzhou Exhibition Center ၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဟူနန် CPC ပါတီဒုတိယအတွင်းရေးမှူး နှင့် ဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Mao Weiming၊ တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Chenggu၊ United Nations Office for Outer Space Affairs ၏ Director Ms. Aarti Holla-Maini၊ China Cyberspace Administration of China ၏ Vice Director Wang Song၊ National Development and Reform Commission မှ Vice Director Mr. Xiang Libin  တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြကာ လာအို နည်းပညာ နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xayluxa Insisiengmay နှင့်  နိုင်ငံခြား သံတမန်များ၊ တရုတ်၊ အာဖရိကသမဂ္ဂ၊ ရုရှား၊ လာအို၊ တောင်ကိုရီးယား၊ ပြင်သစ်နိုင်ငံတို့မှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်ပေါင်း (၁၃၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။ ယင်းနေ့၊ နေ့လယ်၌ ကောင်စစ်ဝန်ချုပ်သည် ခေါင်းစဉ်အသီးသီးဖြင့် ကျင်းပသည့် ဖိုရမ်ငယ်များသို့ ဆက်လက်တက်ရောက်ခဲ့သည်။

၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ကိုယ်စားလှယ်များသည် ကျူးကျိုမြို့ရှိ CRRC Zuzhou Locomotive Co. Ltd (CRRC ZELC)၊ CRRC Research Company၊ CRRC Electric Vehicle ထုတ်လုပ်ရေးစက်ရုံနှင့် State Grid (Zuzhou) Corporation တို့၌ BDS စနစ်များ၊ BDS စနစ် နှင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းများ အသုံးပြုဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)