ဝါရှင်တန်ဒီစီမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက်








ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၈

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများသည် အာဆီယံ ယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို ၁၆-၁၀-၂၀၂၄ ရက်၊ ၀၉:၃၀ နာရီမှ ၁၃:၀၀ နာရီအထိ Washington D.C. Temple ၊ Church of Jesus Christ of Latter-day Saints (CJCLS) ၊ Visitors’ Center ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ဦးသက်ဝင်း၊ သံရုံးမှတာဝန်ရှိသူများနှင့် သံရုံးမိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲ များ၏ဇနီးများ ဦးဆောင်ပြီး ယင်းသံရုံးများမှ အမျိုးသမီးသံတမန်များမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံ အမျိုးသမီးအသင်း (ASEAN Spouses’ Circle) က ကြီးမှူးကျင်းပခြင်းဖြစ်သည်။

အခမ်းအနားသို့တက်ရောက်လာကြသူများအား အာဆီယံသံရုံးများက နိုင်ငံအလိုက် ရိုးရာ သီချင်းနှင့် အကများ၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုစသည့် အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေ ခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အထူးဧည့်သည်တော်များသည် ဖျော်ဖြေတင်ဆက်သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ အာဆီယံသံရုံးများက ခင်းကျင်းပြသထားသည့် ဓာတ်ပုံ/ ပန်းချီ ပြခန်း၊ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မြန်မာသံရုံးအနေဖြင့် အခမ်းအနားတွင် မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအကအဖွဲ့ဖြင့် ပါဝင် ဖျော်ဖြေခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါ သည်။ ထို့ပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကို တက်ရောက် လာသူများအား မိတ်ဆက်ပြသခဲ့ပြီး၊ ပိုစတာ/ ဓာတ်ပုံနှင့်ပန်းချီကားများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်း များကိုလည်း ခင်းကျင်းပြသခဲ့သည်။

အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားအေဂျင်စီများမှ ဧည့်သည်တော် (၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)