မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ASEAN Festival of Arts (AFA) သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ASEAN Festival of Arts (AFA) သို့ တက်ရောက်




ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ Dataran Pengkalan Rama ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN Festival of Arts (AFA) သို့ ကွာလာလမ်ပူမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို The 11th Meeting of ASEAN Ministers Responsible for Culture and Arts (AMCA) နှင့် ၎င်း၏ဆက်စပ်အစည်းအဝေးများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် အာဆီယံနိုင်ငံများမှ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြ တင်ဆက်ခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှုအကအဖွဲ့မှလည်း ပျူအကဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ 

အာဆီယံအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်း အဆိုပါပွဲတော်သို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)