ညောင်ဦး၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကြည့်ရှုရန် ရွှေလေတံခွန်(နီညိုရောင်)မီးပုံပျံဓာတ်ငွေ့ Balloonns အဖွဲ့မှ အောက်တိုဘာ ၁၆ ရက်၊ နံနက် ၆ နာရီအချိန်မှ စတင်ကာ ယခုနှစ်ဆောင်ရာသီ Balloo-nns ပျံသန်းခြင်းများစတင် ပျံသန်းမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကောင်းကင်ယံမှရှုခင်းကြည့်ရှုနိုင်ရန် Balloonns စတင်ပျံသန်းခြင်းအား ရွှေလေတံခွန်(နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloonns အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့် ပိုင်းလော့ K-Andy တို့လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတောများ၊ အညာဒေသတွင်ပေါက်ရောက်သည့် ထနောင်ပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံများနှင့် တုရင်တောင်တန်း၊ တန့်ကြည်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့အား ကြည့်ရှုလေ့လာနိုင်ရန် အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloonns နှစ်လုံး စတင်ပြန်သန်းမည်ဖြစ်ကြောင်း သိရသည်။
Balloonns စီး၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကောင်းကင်ယံမှကြည့်ရှုခြင်းကို ပြည်ပနိုင်ငံသားများ စီးနင်းကြည့်ရှုမှုများပြားခဲ့ရာမှ ယခုအခါ ပြည်တွင်းဧည့်သည် စီးနင်းလိုက်ပါမှုများပြားလာခဲ့ကြောင်း သိရသည်။
ဒီပါလင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment