မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူး





ရန်ကုန်၊ အောက်တိုဘာ ၂၅

၂၂-၁၀-၂၀၂၄ ရက်နေ့မှ ၂၄-၁၀-၂၀၂၄ ရက်နေ့ထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ (Malaysia International Rescue Extrication Challenge-MIREC)အား အိမ်ရှင် မလေးရှားနိုင်ငံအပါအဝင် မကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ အသင်း ၁၀ သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်မှုဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ပြီး ၂၅-၁၀-၂၀၂၄ ရက်နေ့၊ ၁၃ ၂၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို ပြန်လည်ရောက်ရှိခဲ့ရာ မီးသတ်တပ်ဖွဲဝင်များမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)