အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ဆောင်ရွက်၍ ဖော်ထုတ်ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တရားခံ ၃၁၃ ဦးအား လွှဲပြောင်းပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ဆောင်ရွက်၍ ဖော်ထုတ်ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တရားခံ ၃၁၃ ဦးအား လွှဲပြောင်းပေးအပ်

001

002

နေပြည်တော်၊ စက်တင်ဘာ ၃၀

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများ ဆောင်ရွက်၍ တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ် နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများလုပ်ကိုင် လျက် ရှိသော ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦး ပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်း တရားခံ ၈၇၀ ဦးတို့နှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း များဖြစ်သော ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် Scam စက်များအား သိမ်းဆည်း ရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ဒုစရိုက်မှုများအခြေပြုဆောင်ရွက် လျက်ရှိသည့် အဆောက်အဦများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း တရားစွဲတင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့် အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ များတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages