ဂယာမြို့၊ အောက်တိုဘာ ၂၉
အိန္ဒိယနိုင်ငံ၊ မဇ္ဈိမဒေသ-ဗုဒ္ဓဂယာတွင် မဟာကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရမှ နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဟာကထိန် အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးဇော်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်လ်ကတ္တားမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုးနှင့် မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ စစ်သံရုံး (ကြည်း၊ရေ၊ လေ) တို့မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင် ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေသော သံဃာတော်များ/သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment