ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ ထမ်းဆောင်ရသည့် ကဏ္ဍအလိုက်နှင့် ဒေသ၏အကျိုးကို အကောင်အထည်ဖော်ဆောင် ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့်မှ သိသင့်သိထိုက်သည်များကို တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် နိုင်ငံတော်အဆင့်မှ လမ်းညွှန်မှာကြားရန်လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပါက အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင် ရွက်သွားရန်လိုအပ်သည့်အတွက် အလေးထားတင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့် ရုံးဌာနများနှင့် လုပ်ငန်းတာဝန်များ ဆက်သွယ်ဆောင်ရွက် ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်ပါက တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်ရာတွင် ရိုးရိုးသားသားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး မိမိတို့လုပ်ဆောင်ချက်များအားလုံးကို မှတ်ကျောက် တင်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment